ကိုယ်ဝန်ဆောင်ချိန် ဂျင်း စားလို့ ဖြစ်ရဲ့လား
ရာသီလာချိန်မှာ သွေးတွေအကုန်ဆင်းအောင် ဂျင်းပြုတ်ရည် သောက်တာ၊ ဂျင်းဝါးစားတာတွေ လုပ်ပါတယ်။ ဒါဆို ကိုယ်ဝန်ရှိနေချိန်မှာ ချင်း စားရင်ရော ဗိုက်ထဲက ကလေးလေး ပျက်ကျသွားနိုင်မလားဆိုပြီး စိတ်ပူနေမယ့် မေမေတွေ ရှိမယ် ထင်ပါတယ်။ ဒီ စိုးရိမ်မှုအတွက် အဖြေထုတ်ပေးနိုင်မယ့် ဆောင်းပါးလေးကို အတူတူ ဖတ်ကြည့်ဦးစို့နော်။
ဂျင်းရဲ့ ဆေးဖက်ဝင်မှု အတိုင်းအတာ
ဂျင်းက အညှီနိုင်သလို ဆေးဖက်ဝင်တဲ့ မီးဖိုးချောင် ဆေးဝါး တစ်မျိုးပါ။ ချင်းကို အမျိုးသမီး လစဉ်ပြဿနာ သက်သာစေဖို့ သုံးလို့ ရသလို ချောင်းဆိုးတာ၊ အစာမကြေတာတွေ သက်သာစေဖို့လည်း သုံးလို့ ရပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ဂျင်း စားလို့ ဖြစ်မလား
ကိုယ်ဝန်ဆောင်ချိန် ဂျင်း စားလို့ ဖြစ်မလား ဆိုတော့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ချင်းစားမယ်ဆိုရင် အခြောက်ခံထားတာကိုတော့ မစားပါနဲ့ လတ်လတ်ဆတ်ဆတ် ချင်းကိုပဲ စားပါ။ စားတဲ့အခါမှာလည်း ဆေးဖြစ် ဝါးဖြစ် နည်းနည်းပဲ စားပါ။ အများကြီး မစားပါနဲ့။
သွေးတွင်း အဆီကျစေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ ဂျင်းစားတာက သွေးတွင်း အဆီကျစေဖို့ လုပ်ဆောင်ပေးသလို သွေးတွင်းအဆီ ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ပျို့အန်တာကို သက်သာစေတယ်
ကိုယ်ဝန်ဆောင် အစောပိုင်းကာလမှာ ခံစားရနိုင်တဲ့ ပျို့အန်မှုတွေ သက်သာစေဖို့လည်း ဂျင်း စားပေးလို့ ရပါတယ်။
သွေးလည်ပတ်မှု ကောင်းစေတယ်
ဂျင်းက သွေးလည်ပတ်မှု ကောင်းတာကြောင့် မေမေ့ဆီကနေ ကလေးလေးဆီကို သွေးရောက်ရှိမှု ကောင်းစေဖို့ လုပ်ဆောင်ပေးရာမှာ ထောက်ကူပေးမှာပါ။ သွေးရောက်ရှိမှု ကောင်းတာက ကလေးကို ကျန်းမာစေမှာပါ။
ဖျားနာမှု ကင်းစေတယ်
ကိုယ်ဝန်ဆောင်မိခင်က ပုံမှန်လူတွေထက် ကိုယ်ခံအား နည်းနေတတ်တာ သဘာဝပါ။ ကိုယ်ခံအားနည်းတာက ဖျားနာမှု လွယ်တာပေါ့။ ဒီလိုမျိုး ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာတာမျိုး မဖြစ်အောင် ကာကွယ်ဖို့အတွက်လည်း ဂျင်းကို စားပေးလို့ ရပါတယ်။
ကိုယ်ဝန်ဆောင် ဆီးချို ကာကွယ်ပေးတယ်
ဂျင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးချိုတက်တာမျိုး မဖြစ်အာင် ကာကွယ်ပေးမှာပါ။
အာဟာရ ပြည့်ဝစေတယ်
ဂျင်းက အူနံရံတွေကို အာဟာရစုပ်ယူနိုင်စွမ်း တိုးစေတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ ဂျင်းစားတာက အာဟာရ ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။
အစာကြေစေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာ အစာမကြေတာ၊ လေထိုးလေအောင့်နဲ့ လေပွတာလိုမျိုး ပြဿနာတွေ ကင်းချင်တယ်ဆိုရင် ဂျင်းစားပေးလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ရင်ပူတာ သက်သာစေဖို့လည်း ဂျင်းကို စားပေးလို့ ရပါတယ်။
မွန်မွန်